၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ကျင်းပ




MNP - အောက်တိုဘာ   ၁၃


၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်သည် “ကြိုတင် သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်”ဖြစ်ပြီး ကြိုတင်သတိပေးစနစ်များ ခိုင်မာအားကောင်းအောင် ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက်တွေအပေါ်မူတည်ပြီး လိုအပ်သည့်စီမံခန့်ခွဲ ဆောင်ရွက်ချက်တွေကိုလည်း အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြထားတာတွေ့မြင်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြိုတင်သတိပေးစနစ် ခိုင်မာအားကောင်းစေရန် ပြည်သူလူထုပါဝင်သည့် ပြည်သူဗဟိုပြု သဘာဝဘေးကြိုတင်သတိပေးစနစ်ကို တည်ဆောက်နိုင်ရေး သတိပေးချက်များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြဖို့ အရေးကြီးကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်များအနေဖြင့် မိမိဒေသရဲ့ရေမြေသဘာဝ၊ အရင်းအမြစ်အတွေ့အကြုံတို့အပေါ် အခြေခံဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ခေတ်နှင့်အညီတိုးတက်နေသည့် နည်းပညာများကိုလည်း မျက်ခြေမပြတ်လေ့လာအသုံးပြုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝများကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအဆင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသူအား တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ တတိယဆုရရှိသူအား ဥပဒေချုပ် ဦးခင်မောင်တင့်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ကုလသမဂ္ဂသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲ Ms.Mami Mizutoriက ပေးပို့သောသတင်းစကား ဗွီဒီယိုနှင့်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် အခမ်းအနား တက်ရောက်ကြသူများကကြည့်ရှုကြပြီး အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)