MNP - အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဌာနဆိုင်ရာအသီးသီး၌ ယခုတန်ဆောင်မုန်းလဆန်းရက်များတွင် ကထိန်သင်္ဃန်းများကပ်လှူပူဇော်၍ အလှူဒါနများပြုလုပ်လျက်ရှိရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဒုတိယအကြိမ်မြောက် ကထိန်သင်္ဃန်းကပ်လှူပွဲကို အဆိုပါရုံးဌာန၌ ယမန်နေ့နံနက်ပိုင်းက သံဃာတော်အရှင်သူမြတ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကထိန်သင်္ဃန်းကပ်လှူပူဇော်ပွဲတွင်မြို့နယ် လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲဝင်း၊ ဇနီးဒေါ်မိုင်ဝင်းဝင်းရွှေနှင့်ဝန်ထမ်းများက တောင်ညိုမြို့သစ်၊ အောင်ချမ်းသာကျောင်းတိုက်ရှိ သံဃာတော် အရှင်သူမြတ်များအားပင့်ဖိတ်၍ ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းအစုစုကိုကပ်လှူပူဇော်ကာ ကြက်သားဒန်ပေါက်ဖြင့် မွန်းတည့်ဆွမ်းဆက်ကပ်ခဲ့ပြီး ဖိတ်ကြားထားသောမြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများကို ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - သူရကြီး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment