မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးစပါး၊‌ နွေစပါး၊ ဆောင်းသီးနှံ(နေကြာ) စိုက်ဧကပြည့်မီရေး ကွင်းဆင်းပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးစပါး၊‌ နွေစပါး၊ ဆောင်းသီးနှံ(နေကြာ) စိုက်ဧကပြည့်မီရေး ကွင်းဆင်းပညာပေးဆောင်ရွက်



MNP - အောက်တိုဘာ  ၈


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံ(နေကြ) တိုးချဲ့စိုက်ပျိုးနိုင်ရေးတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူနည်းပညာပေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ညောင်တုန်းစုကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် မရဲ့အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတို့၌ စိုက်ဧကများ ပြည့်မီရေးကွင်းဆင်း  ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းပညာပေးခြင်း လုပ်ငန်းကို မော်လမြိုင်ကျွန်းမြို့နယ် ၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်သွင်နှင့် ဝန်ထမ်းများမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ နေကြာဆီစားသုံးခြင်းဖြင့် ကျန်းမာသော ပြည်သူအဖြစ် ရပ်တည်ရေး၊ စပါးသီးနှံအပြင် ဒေသနှင့် ကိုက်ညီသောနေကြာသီးနှံကို သီးထပ်သီးညှပ်အဖြစ် တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုး လာစေရန် ရည်ရွယ်၍ တောင်သူများအား နေကြာစိုက်ပျိုးရေး နည်းပညာ‌ပေးဆွေးနွေးခြင်းနှင့် မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များ ဝယ်ယူ စုဆောင်း၍ တောင်သူများသို့ ဖြန့်ဝေဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။


ဆွေးနွေးပွဲသို့ ညောင်တုန်းစုကျေးရွာနှင့် မရဲ့အုန်းပင်စုကျေးရွာများမှ ဒေသခံတောင်သူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု(၁၉) အုပ်စုအတွက် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ စုစုပေါင်း စိုက်ဧက (၃၀၀) စိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ် ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။


သတင်း - ဇော်ဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)