သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အကြိုညပိုင်း ကော့သောင်းမြို့ ပြည်တော်အေးစေတီတော်၌ အေးချမ်းစွာဘုရားဖူးလာရောက်ကြသူများနှင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အကြိုညပိုင်း ကော့သောင်းမြို့ ပြည်တော်အေးစေတီတော်၌ အေးချမ်းစွာဘုရားဖူးလာရောက်ကြသူများနှင့်စည်ကား

 



MNP - အောက်တိုဘာ   ၉


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်တွင် သီတင်းကျွတ် ပွဲတော်ကာလ လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အကြိုညပိုင်းက ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အေးချမ်းစွာ ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


ကော့သောင်းမြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် ပြည်တော်အေးစေတီတော်ဘုရား ရင်ပြင်တော်တွင် မြိုနယ်အတွင်းရှိ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများ၊ စားစရာမုန့်ပဲသရေစာ၊ ကလေးကစားစရာ၊ အဝတ်အထည်များစသဖြင့် ဘုရားပွဲ ဈေးရောင်း ဈေးဝယ်များဖြင့် စည်းကားလျက်ရှိပြီး ဘုရားဂေါပကအဖွဲ့များက စေတီတော်ရင်ပြင်အတွင်းသို့ ဝင်ရောက်ဘုရားဖူးလာပြည်သူများအား ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးအပ်ကာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)