ခရမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - အောက်တိုဘာ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာ‌ရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ ပူးပေါင်းသည့်စစ်ကြောင်းမှ ခရမ်းမြို့နယ် တမံကြီးအထက်တန်း ကျောင်းခန်းမတွင် ပြည်သူလူထုနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မူကို အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်း‌ဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်ဇင်သန့်၊ မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင်သန့်၊  ခရမ်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှုးဝင်းလွင်၊ ခရမ်းမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဒေါ်အိအိထွေးတို့ပါဝင်သည့် အဖွဲ့မှကွင်းဆင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများအား တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လိုလားချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်ဇင်သန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇင်သန့်က ပြည်သူ့စစ်နှင့် ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကို ၎င်းခရမ်းမြို့မရဲစခမ်းမှူး ဒုရဲမှူး ဝင်းလွင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူပူးပေါင်းပါဝင်သည့် ရပ်ရွာလုံခြုံဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည် ၎င်းနောက်ခရမ်းမြို့နယ် လူဝင်မူ့ကြီးကြပ်ရေးဝန်ကြီးဌာမြို့နယ် ဦးစီးမှူး ဦးမောင်မောင်သန့်က လူဦးရေစာရင်းမှန်ကန်ရေး ပြည်သူအားလုံး နိုင်ငံသားစိစစ်ရေးကတ်နှင့် မိသားစုသန်းခေါင်စာရင်း ၆၆/၆  ရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေများကို ၎င်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးက မိုးစပါးစိုက်ပျိုးမှု့ ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ယူရီးယားဓါတ်မြေဩဇာ ဖြန်ဖြူးရောင်းချပေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံပြည်သူ (၂) ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)