သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေအကြံပေးအဖွဲ့နှင့် အချိန်စေ့လွန် ချေးငွေများ ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေအကြံပေးအဖွဲ့နှင့် အချိန်စေ့လွန် ချေးငွေများ ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

 




MNP - အောက်တိုဘာ ၂၉


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေအကြံပေးအဖွဲ့နှင့် အချိန်စေ့လွန်ချေးငွေများပြန်လည်ရရှိရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ‌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက ချေးငွေ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေး အချိန်စေ့လွန်ချေးငွေများ ပြန်လည်ရရှိနိုင်ရေးနှင့် ပတ်သက်၍  ဆွေးနွေးပြောကြားပြီး  သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ချေးငွေအကြံပေးရေး အဖွဲ့ဝင်များမှ အချိန်စေ့လွန် ချေးငွေများ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးစရိတ် ချေးငွေများနှင့် ပတ်သက်သည်များကို တင်ပြဆွေးနွေးခဲ့သည်။


ထို့နောက် မြန်မာ့လယ်ယာဖွဲ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာသည် မြို့နယ် လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ သွားရောက်ကာ ဝန်ထမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို  ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - လှမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)