ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု‌ရေးပင်စင်များ‌ ထောက်ပံ့‌ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု‌ရေးပင်စင်များ‌ ထောက်ပံ့‌ပေးအပ်



MNP - အောက်တိုဘာ   ၁၄

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများ ပေးအပ်လျက်ရှိရာ၊  ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား  တာဝန်ရှိသူ တို့က ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့သည်။


အဆိုပါ ထောက်ပံ့မှုကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဆွေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အသက်(၈၅) နှစ်အထက်  သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံငွေများကို လက်ဝယ်အရောက် ထောက်ပံခဲ့ကြသည်။ ဗိုလ်တထောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၂) ရပ်ကွက်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား  (၁၁၅)ဦးတို့အား တစ်ဦးလျှင် ကျပ် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃,၄၅၀,၀၀၀)ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)