ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၃၁


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူးမှ မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ ဆွေးနွေးပွဲတွင် ပြန်လည်မျှဝေပေးမည့် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးမှ မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ တက်ရောက်ကြသော ဆရာ/ဆရာမများအား စီမံဘာသာရပ်၊ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်၊ ပညာဌာန ဘာသာရပ်(၁)(၂)၊ စီမံကိန်းစာရင်း အင်း မှတ်တမ်းဘာသာရပ်၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်ဆိုင်ရာများ ဆွေးနွေးပို့ချခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ယခုဖွင့်လှစ်သော မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၇၉)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်း/ ဘုန်းတော်ကြီး သင်ကျောင်း(၅)ကျောင်းမှ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ (၅)ဦးမှ ဆွေးနွေးပို့ချသွားမှာဖြစ်ကာ သင်တန်းကာလ(၂) ရက်တာ ကြာမြင့်မည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သီတာထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)