ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေး



MNP - အောက်တိုဘာ  ၁၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာနှင့် နွားခြံကုန်းကျေးရွာအုပ်စု၊ ဆေးပုလဲကုန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေးပေးခြင်း အခမ်းအနားသို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့ခိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီဌာန ဦးစီးမှူး ဦးမျိုးသူ၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအောင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ရဲထိုက်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်အင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်တို့ တက်ရောက်ခဲ့ကြပြီး ကျီးသဲအုပ်စု ညောင်လှကျေးရွာ (ဆီထွက်သီးနှံ) နေကြာစိုက်တောင်သူ (၁၇)ဦး စိုက်ပျိုးဧက (၂၃) ဧကအတွက် တစ်ဧကလျှင် ချေးငွေ (၁၅၀၀၀၀) နှုန်းဖြင့် (၃၄၅၀၀၀၀) ကျပ်၊ (ဆီထွက်သီးနှံ) မြေပဲ စိုက်တောင်သူ (၂၆) ဦး စိုက်ပျိုးဧက ( ၆၅. ၅) ဧကအတွက် တစ်ဧကလျှင် ချေးငွေ (၁၀၀၀၀၀) နှုန်းဖြင့် (၆၅၅၀၀၀၀) ကျပ် စုစုပေါင်းကျပ်သိန်း (၁၀၀) ကျပ်နှင့် နွားခြံကုန်းကျေးရွာအုပ်စု၊ ဆေးပုလဲကုန်းကျေးရွာ (ဆီထွက်သီးနှံ) နေကြာစိုက်တောင်သူ (၂၆) ဦး စိုက်ပျိုးဧက (၆၆) ဧကအတွက် တစ်ဧကလျှင်ချေးငွေ (၁၅၀၀၀၀) နှုန်းဖြင့် (၉၉၀၀၀၀၀) ကျပ်၊ (ဆီထွက်သီးနှံ) မြေပဲ စိုက်တောင်သူ (၁) ဦး၊ စိုက်ပျိုးဧက (၁) ဧကအတွက် တစ်ဧကလျှင် ချေးငွေ (၁၀၀၀၀၀) နှုန်းဖြင့် (၁၀၀၀၀၀) ကျပ် စုစုပေါင်း ကျပ်သိန်း (၁၀၀) ကျပ် တို့ကို (ဆီထွက်သီးနှံ) စိုက်ပျိုးသည့် တောင်သူများ၏ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)