မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေး၊ မိုးကြိုးဘေးနှင့်မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေး၊ မိုးကြိုးဘေးနှင့်မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်




MNP - အောက်တိုဘာ   ၁၂


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်းဖြစ်ပွားခဲ့သော လေဘေး၊ မိုးကြိုးဘေးနှင့်မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အောက်တိုဘာ(၁၀)ရက်နေ့တွင် မှက္ကတန်ကျေးရွာ၌လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သောနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၈)စုရှိလူဦးရေ(၄၂)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၈၈၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၈၈၈,၂၀၀/-)ကျပ်အားလည်းကောင်း၊ အင်းတ္တော်လုပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သောမိုးကြိုးဘေးမှသေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်အားလည်း‌ကောင်း ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍အောက်တိုဘာ(၉)ရက်နေ့တွင် မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၌ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိလူဦးရေ(၇)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၄၁၄၇၀၀/)ကျပ်အား မီးဘေးသင့်နေအိမ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)