MNP - အောက်တိုဘာ ၈
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မကွေးတက္ကသိုလ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ပြီး မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ ဌာနမှူးများက ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက မြတ်ဆရာ ပူဇော်ကန်တော့ပွဲ ပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်္ချာဌာန အငြိမ်းစား ဆရာမကြီး ဒေါ်တင်နွယ်နှင့် ရုက္ခဗေဒဌာန အငြိမ်းစားဆရာမကြီး ဒေါ်ခင်ဝင်းမြင့်တို့က ဆုံးမ ဆုပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment