ကော့သောင်းမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

 



MNP - အောက်တိုဘာ  ၁၉


ကော့သောင်းမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရန်ကြီးအောင်အားကစားကွင်း၊ ကြက်တောင်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။


ရှေ့ဦးစွာ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသားတစ်ဦးချင်းနှင့်အသင်းလိုက် ကြက်တောင်ဗိုလ်လုပွဲနှင့်အမျိုးသမီးတစ်ဦးချင်းနှင့်အသင်းလိုက်ကြက်တောင်ဗိုလ်လုပွဲစဉ်များကိုယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် အထကခွဲ၊ အလက(၁)အဏ္ဏဝါကျောင်းအသင်းက လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် အထကခွဲ၊ အလက(၂) ရွှေမင်းဝံကျောင်းအသင်းတို့က အသီးသီး အနိုင်ရဗိုလ်ဆွဲခဲ့ကြသည်။


ယင်းနောက်ဆုချီးမြှင့်ပွဲအားဆက်လက်ကျင်းပရာ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ချို၊ မြို့နယ်ပညာရေးဌာန၊မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှတာဝန်ရှိသူများက အမျိုးသား/အမျိုးသမီးအသင်းလိုက် ပထမ၊ ဒုတိယနှင့် တတိယရရှိသည့်အသင်းများ၊ အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို ဆုဖလား၊ လည်ဆွဲဆုနှင့်ငွေသားဆုများ  အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)