အမ်းမြို့နယ်တွင်စုပေါင်းမဟာဘုံက ထိန်ပွဲစည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင်စုပေါင်းမဟာဘုံက ထိန်ပွဲစည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊  အောက်တိုဘာ  ၂၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပမည့် စုပေါင်းမဟာဘုံက ထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စုပေါင်းမဟာဘုံက ထိန်ပွဲ ကျင်းပရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် က အမ်းမြို့နယ်လုံးဆိုင် ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရန်၊ ကထိန်ပွဲတော်ဖြစ် မြောက်ရေးအတွက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများကအကြံ ပြု ဆွေးနွေးကြရန်ပြောကြားခဲ့သည်။

ထို့နောက် ဘုံကထိန်ပွဲတော်ကျင်းပရေးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများရှိ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့်အခြေ အနေများကိုဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌ က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အမ်းမြို့နယ် စုပေါင်းမဟာဘုံကထိန်ပွဲ တော်ရေစက်ချအခမ်းအနားကို နိုဝင်ဘာလ ၆ ရက်နံနက်(၉)အချိန် တွင် ရွှေအမ်းတောင်ခန်းမ၌ စည်ကားသိုက် မြိုက်စွာကျင်းပပြု လုပ်သွားမည်ဖြစ်ရာ (၅-၁၁-၂၀ ၂၂)ရက်နေ့ မွန်းလွဲ ၂း၃၀ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ မြို့တွင်းသို့ ကထိန်သင်္ကန်းနှင့် ပဒေသာပင်များအား အကြည်ညိုခံလှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)