ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိ ထိရောက်ပြီး အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိ ထိရောက်ပြီး အမှန်တကယ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး

 


MNP - အောက်တိုဘာ   ၁၄


ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်း ခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိထိရောက်ပြီး အမှန်တကယ်အကောင် အထည်ဖော်ဆောင်ရွက် နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။


ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင် သည့် ဌာန/အဖွဲ့အစည်းများမှ တင်ပြတောင်းခံလာသည့် ငွေလုံးငွေရင်းအသုံးစရိတ်များကို စိစစ်ရေးဆွဲ တင်ပြရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများ၊ ဒေသ လိုအပ်ချက်များကို လတ်တလော ဖြည့်ဆည်းပေးရမည့် လုပ်ငန်းစီမံကိန်းများဖြစ်စေရေးနှင့် အမှန် တကယ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့် မဖြစ်မနေလိုအပ်သည့် လုပ်ငန်းများကို နိုင်ငံတော် မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း စိစစ်ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတွင် ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားသော လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ စိစစ်တင်ပြရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီး ဌာနက ပြည်နယ်ဦးစီးမှူးက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိ စေရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲ‌ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ဟန်အေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ်တင်ပြတောင်းခံမှုများအပေါ် စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ဆွေးနွေးမှုများအပေါ် ပြန်လည်စိစစ်ရေးဆွဲ တင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဖြည့်စွက်ရန်ပုံငွေ တွင် တင်ပြတောင်းခံသည့် ငွေလုံးငွေရင်းအသုံးစရိတ် တင်ပြတောင်းခံထားသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်တင်ပြရမည့် လုပ်ငန်းစီမံကိန်း တစ်ခုချင်းစီအလိုက် ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းတစ်ခုချင်းစီအလိုက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ပြန်လည်စိစစ်ရေးဆွဲတင်ပြနိုင်ရေး တာဝန်ရှိသူများ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)