မိတ္ထီလာ မိုးကောင်းအန္တကူရေလယ်စေတီတော်တံတား ကန်ရေကျော်တက်ရောက်ရှိ၍ တံတားပေါ်မှ ဖြတ်သန်းဖူးမြော်ခွင့်ယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ မိုးကောင်းအန္တကူရေလယ်စေတီတော်တံတား ကန်ရေကျော်တက်ရောက်ရှိ၍ တံတားပေါ်မှ ဖြတ်သန်းဖူးမြော်ခွင့်ယာယီပိတ်ထား




MNP - အောက်တိုဘာ    ၉


မိတ္ထီလာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိတ္ထီလာကန်လယ်တွင် တည်ထားကိုးကွယ်သော ဆုတောင်းမိုးကောင်းအန္တကူရေလယ်စေတီတော်တံတားပေါ်တွင် ကန်ရေကျော်တက်ရောက်ရှိ၍ ယနေ့နံနက်ပိုင်းအချိန်ကစတင်ပြီး တံတားပေါ်မှဖြတ်သန်းဖူးမြော်ခွင့် ယာယီပိတ်ထားကြောင်း သိရသည်။


မိုးကောင်းအန္တကူရေလယ်စေတီတော်တံတားပေါ်ကို ယနေ့ကန်ရေကျော်တက်ရောက်ရှိတာမို့ တံတားပေါ်ကဖြတ်သန်းပြီး ဘုရားဖူးခွင့်ယာယီပိတ်ထားပါတယ်။ မိုးကအဆက်မပြတ်ရွာသွန်းပြီး မိတ္ထီလာကန်ရေပြည့်လာတာကြောင့် မိုးကောင်အန္တကူရေလယ်စေတီတော်အနောက်ဘက်က အထက ၁ ကန်ပတ်လမ်းပေါ်လည်း ကန်ရေကျော်တက်ရောက်ရှိနေပါပြီ။ မိုးကောင်းအန္တကူရေလယ်စေတီတော်ထောင့်လေးထောင့်မှာရှိတဲ့ နဂါးရုပ်ထုတွေကို ကန်ရေထိတာကြည့်ပြီး ကန်ရေပြည့်မှတ်ကို ဒေသခံတွေမှတ်သားလေ့ရှိတယ်။ ဒီနေ့တော့ နဂါးရုပ်ထု လေးခုစလုံးကန်ရေအောက်ကို ရောက်ရှိသွားတဲ့အထိဖြစ်နေပြီမို့ ကန်ရေပြည့်မှတ်လည်း ကျော်ပြီလို့ ပြောလို့ရပါတယ်။ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်မှာရှိတဲ့ မိတ္ထီလာကန်ကူးတံတားမြောက်ဘက် ဇေယျာမုနိကျောက်တော်ကြီးဘုရားရှိရာကန်ပတ်လမ်းမှာ လည်းကန်ရေတွေဝင်ရောက်နေတဲ့အပြင် မြောက်ကန်မှာရှိတဲ့ ဓမ္မသုခရွှေစည်းခုံ စေတီတော်အနီးက ရေကျော်နေရာမှာလည်းကန်ရေကျော်တက်နေတာမို့ အဲဒီနေရာက ဖြတ်သန်းသွားလာခွင့်လည်း ယာယီပိတ်ထားပါတယ်ဟု  မိတ္ထီလာဒေသခံတစ်ဦးက ပြောသည်။


မိတ္ထီလာတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကန်ရေပြည့်သည့်အထိ မိတ္ထီလာကန်ရေဝင်ရောက်ခဲ့ပြီး ၅ နှစ်ခန့်ကြာမြင့်ချိန်တွင် ယခုကဲ့သို့ မိတ္ထီလာကန်ရေပြည့်ခြင်းကို ပြန်လည်ကြုံတွေ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ချမ်းသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)