ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေမှု ကြည့်ရှုအားပေး

 



MNP - အောက်တိုဘာ  ၇


ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယနေ့ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် မိုးလုံ လေလုံ ခန်းမ၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားကြကြောင်း သိရသည်။


အဆိုပါ စခန်းသွင်း လေ့ကျင့်နေမှုတွင် တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက စခန်းသွင်း လေ့ကျင့်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မွန်တိုင်းရင်းသား ရိုးရာအဖွဲ့၏ လေ့ကျင့်ကပြမှု၊ အဆင့်မြင့်ပညာ အမျိုးသမီး အကပြိုင်ပွဲ လေ့ကျင့်ကပြမှု၊ အဆိုကဏ္ဍနှင့် ပတ်သက်၍ လေ့ကျင့်နေမှု၊ အခြေခံပညာ ၁၅နှစ်မှ၂၀နှစ် မဟာဂီတ အဆိုပြိုင်ပွဲသီဆို လေ့ကျင့်နေမှု၊ အခြေခံပညာ ၁၅နှစ်မှ၂၀နှစ် စောင်းအတီးပြိုင်ပွဲ တီးခတ်လေ့ကျင့်နေမှု၊ စန္ဒရားအတီးလေ့ကျင့်နေမှု၊ဆိုင်းအတီးပြိုင်ပွဲ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀) သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗဟိုအဆင့် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသူများအား လိုအပ်သည်များမှာကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)