တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား သို့တက်ရောက်








MNP ၊ အောက်တိုဘာ ၁

၂၀၂၂ ခုနှစ်၊ သက်ကြီးအမျိုးသမီးများရဲ့စွမ်းပကား ဒို့များအလေးထား ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာတက်ရောက်လာသောဧည့်သည်တော်များ က  အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ကမ္ဘာအရပ်ရပ်မှာရှိသော သက်ကြီးရွယ်အိုများ၏ လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် ကုလ သမဂ္ဂအဖွဲ့ကြီးက နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဟု သတ်မှတ် ထားခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများနှင့် မျိုးဆက်သစ်လူငယ်များအပြန်အလှန်ကူညီစောင့်ရှောက်နိုင်ရေးအတွက်  သက်ကြီးရွယ်အိုများဦးဆောင်ပြီးအမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လူငယ်များပါဝင်တဲ့ “Inclusive Self-Help Group” “လူမှုအားမာန်”အဖွဲ့ပေါင်း(၂၀၀)ကျော်ကို တစ်နိုင်ငံလုံးတွင်ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့များ ၏လုပ်ငန်း ဆောင်ရွက်ချက်များကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက်မတည်မှုရန်ပုံငွေအနေဖြင့် ကျပ်(၁၀)သိန်းစီထောက်ပံ့ ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာလည်းလူမှုအားမာန်အဖွဲ့(၅)ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ် ကြောင်း၊ သက်ကြီးရွယ်အိုများ က လေးစားထိုက်၊ဂုဏ်ပြုထိုက်သူများဖြစ်သောကြောင့် အခမ်းအနားကျင်းပပေးရုံ သာမက သက်ကြီးရွယ်အိုများ၏ဘဝ တကယ်လုံခြုံမှုရှိရေးနှင့် သက်ကြီးရွယ်အိုများ၏စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေး ဖြစ်စဉ်တွင် ထည့်သွင်းအသုံးပြုသွားနိုင်ရေးအတွက်လည်း အခွင့်အလမ်းဖန်တီးပေးဆောင်ရွက် သွားစေလိုကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က ၂၀၂၂-၂၀၂၃ခုနှစ် (ဒုတိယသုံးလပတ်) အတွက်တိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၅၀၄၇)ဦးအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၁၅၁)သန်းအား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ(၃)ခုသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေကျပ်(၁၁.၆၈)သန်းအားလည်းကောင်း၊ တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိအသက်အကြီးဆုံးဘိုးဘွား(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေတစ်ဦးလျှင်ကျပ်(နှစ်သိန်း)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀/-)တိတိနှင့် လူမှုဝန်ထမ်းဦးစီး ဌာန မှ တစ်ဦးလျှင် ကျပ်(၅၀,၀၀၀/-)နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၁၅၀,၀၀၀/-)တိတိ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၇၅၀,၀၀၀/-)တိတိနှင့်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှအသိအမှတ်ပြု ဘိုးဘွားရိပ်သာ(၃)ခုသို့ စုပေါင်း လှူဒါန်းငွေ (၈,၄၆၂,၀၀၀/-)တိတိအား လည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများ က လက်ခံရယူသည်။


ဆက်လက်၍ တက်ရောက်လာသောဧည့်သည်တော်များ က ဘိုးဘွားများအားကန်တော့ငွေနှင့် ပစ္စည်းများပေးအပ် ခဲ့ကြပြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဘိုးဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသတင်းရရှိသည်။



ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)