MNP ၊ အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခရိုင်/မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်း ကမ်းထိန်းသိမ်းရေးကော်မတီ တွေ့ဆုံညှိ နှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့ လယ်ကကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါအခမ်းနားတွင် အမ်းခရိုင်မိသား စုစည်းရုံးရေးနှင့်စည်း ကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်နှင်းအိခိုင်က အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့်တွေ့ဆုံကာ မိမိနေထိုင်လျက်ရှိကြသော နေအိမ်လိုင်းခန်းများ သန့်ရှင်းစေရေးအတွက် သန့်ရှင်းရေးစနစ်တကျ ပြု လုပ်စေလိုကြောင်း၊ အမှိုက်များကို စနစ် တကျစွန့်ပစ်ရေး၊ လျှပ်စစ်မီးကို အန္တရာ ယ်ကင်းစွာ စနစ်တ ကျ သုံးစွဲရေး၊ နေအိမ်လိုင်းခန်းများအတွင်း သောက်စားမှုးယစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး အလေးထားလိုက်နာကြစေလိုကြောင်း အတူနေမိသားစုများအချင်း ချင်းသော်လည်း ကောင်း၊ပတ်ဝန်းကျင် ရှိ မိသားစုဝင်များနှင့် မိသားစုသဖွယ်ချစ် ခင်ရင်းနှီးပြီး အချင်း ချင်းရိုင်းပင်းကူညီကြစေလိုကြောင်း၊ ဝန်ထမ်းနှင့်အတူနေမိသားစုဝင်များမှာလည်း ကိုဗစ်-၁၉ ရောကာကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်လိုအပ်ပါက သက် ဆိုင်ရာကျန်းမာရေးဌာနများနှင့်ချိတ် ဆက်ဆောင်ရွက်ပြီး ထိုးနှံဆောင်ရွက်သွားစေလိုကြောင်း ခရိုင်/မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်း ကမ်းထိန်းသိမ်းရေးကော်မတီဝင်များနှင့်မိသားစုဝင်များမှ အခက်အခဲများရှိပါက တင်ပြဆွေးနွေးကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အမ်း ခရိုင်မိသား စုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မ တီဥက္ကဌ ဒေါ်နှင်းအိခိုင်နှင့် အဖွဲ့ဝင်များက တက်ရောက်လာသည့် မိသားစုဝင်များအား တစ်အိမ်ထောင်လျှင် ကြက်ဥ ၁၀ လုံးနှင့် စည်းကမ်းထိန်းသိမ်းရေး ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment