ကတ္တရာကွန်ကရစ် ထုတ်လုပ်ခြင်းစက်ရုံ၏ စီမံကိန်းအကြောင်းအရာရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကတ္တရာကွန်ကရစ် ထုတ်လုပ်ခြင်းစက်ရုံ၏ စီမံကိန်းအကြောင်းအရာရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားကျင်းပ

 




MNP - အောက်တိုဘာ   ၇


ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာ၊ မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်၊ ကတ္တရာကွန်ကရစ် ထုတ်လုပ်ခြင်းစက်ရုံ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ စီမံကိန်းအကြောင်းအရာ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀)အချိန်တွင် မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်၏ သာယာအေးရုံးခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် မက်(စ်)ဟိုင်းဝေးကုမ္ပဏီလီမိတက်၏ စီမံကိန်းတာဝန်ခံ အထွေထွေမန်နေဂျာဦးမိုးသူဇော်က စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခြင်း၊ အီးဂတ်ပတ်ဝန်းကျင် ဝန်ဆောင်မှုကုမ္ပဏီလီမိတက် ပတ်ဝန်းကျင်ဆိုင်ရာအကြံပေး ဦးစိုးမင်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ ဘူးလယ်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးညွန့်နိုင်နှင့် ရာအိမ်မှူးဦးတင်ဝင်းတို့မှ မရှင်းလင်းသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။


အခမ်းအနားသို့ ပဲခူးခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သာယာအေးနှင့်ဘူးလယ်အင်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းဥက္ကဋ္ဌများ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)