စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့စစ်ဌာနအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့စစ်ဌာနအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ




MNP - အောက်တိုဘာ   ၉


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့စစ်ဌာနအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီက ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းတပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဟုမ္မလင်းမြို့နယ် ပြည်သူ့စစ်ဌာနအဖွဲ့ဝင်များအား ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ ဆား၊ ပဲ ပစ္စည်း (၄) မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


ဆက်လက်၍  ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းအမှတ်(၃) စစ်ဗျူဟာမှူးတို့က ဟုမ္မလင်းမြို့နယ် ပြည်သူ့စစ်ဌာနအဖွဲ့ဝင်များအား လက်နက်ခဲ့ယမ်းများနှင့် ပြည်သူ့စစ်ဝတ်စုံများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်နိုင်ကျော်၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မြင့်သောင်းနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းအမှတ် (၃) စစ်ဗျူဟာမှူးနှင့် ဟုမ္မလင်းခရိုင်အဆင့် ဌာနဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထိုနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းခရိုင် စုပေါင်းရုံးဆောက်လုပ်ရန် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)