မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ခေါင်းဆေးကျွန်း ဆိပ်ခံကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု ကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ခေါင်းဆေးကျွန်း ဆိပ်ခံကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု ကြည့်ရှု စစ်ဆေး



MNP - အောက်တိုဘာ   ၃၁ 


မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ သံလွင်မြစ်ကမ်း ဘေးတစ်လျှောက်နှင့် မွန်ပြည်နယ်တရားလွှတ်တော်ရုံး ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ ကချုံနွယ်၊ မြက်နှင့် အမှိုက်များကို  ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ခွင့်ပြုဘဏ္ဍာ ငွေကျပ် (၁၂၈.၁)သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် ခေါင်းဆေးကျွန်း ဆိပ်ခံကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ၊ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် အရည်အသွေးပြည့်မီအောင် တည်ဆောက်ရေးမှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)