MNP - အောက်တိုဘာ ၇
မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ ပိုးသတ်ဆေး စနစ်တကျ သုံးစွဲမှု ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်က သရုပ်ပြကွင်းဆင်းပြုလုပ်ခဲ့ကြသည်။
ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်၏ ဦးဆောင်မှုဖြင့် ကျွဲခြံကျေးရွာရှိ တောင်သူ ဦးတင်ကိုကို ကွင်းအမှတ် ၈၈၄ တွင် ပိုးသတ်ဆေး စနစ်တကျသုံးစွဲမှုကွင်းသရုပ်ပြပွဲကို ပြသဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကျားဘိုကျေးရွာတွင်လည်း တောင်သူပညာပေး ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပိုးမွှားအန္တရာယ် ကျရောက်မှုမှ ကင်းဝေးစေရန် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ၏ရောဂါပိုးကျရောက်သော စပါးခင်းများအား ထိခိုက်ဆုံးရှုံးမှု နည်းပါးအောင် အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment