မြောင်းမြခရိုင်အတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်အတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

 



MNP - အောက်တိုဘာ   ၁၄


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အတွင်းတွင်ရှိသော အသက်အကြီးဆုံး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့နယ်ရှိ အသက်အကြီးဆုံး အဘိုးတစ်ဦးအား မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှ ထောက်ပံ့ငွေ (၁၀,၀၀,၀၀)ကျပ်အား သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထောက်ပံ့ငွေကို မြောင်းမြခရိုင်အတွင်းရှိ အသက်အကြီးဆုံးဘိုးဘွားတစ်ဦးဖြစ်သည့် မြောင်းမြမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သော အဘိုးဦးထွန်းကြည် အသက် (၁၀၅)နှစ်အား နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၁၀,၀၀,၀၀)ကို သွားရောက်ပေးအပ်ခဲ့သည်။


ထိုသို့ အဘိုးအဘွားများကို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရာတွင် မြောင်းမြခရိုင်အတွင်းတွင် အသက်အကြီးဆုံး ဘိုးဘွားနှစ်ဦးရှိပြီး၊ ဝါးခယ်မမြို့နယ်တွင် အသက် (၁၀၆)နှစ်ရှိ အဘွား (၁)ဦး၊ မြောင်းမြမြို့နယ်တွင် အသက် (၁၀၅)နှစ်ရှိ အဘိုး(၁)ဦးတို့ရှိရာ တစ်ဦးလျင် ကျပ်တစ်သိန်းစီ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)