MNP ၊ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများအား ယနေ့ နံနက်ပိုင်းက ရုပ်ပုံပြပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အေးသန်းဆွေ(ရုံးအကူ)က ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာကြစေရန်နှင့် စာအုပ် စာစောင်ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုပြောကြားပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများက မိမိကြိုက်နှစ်သက်သည့်ရုပ်ပြပုံပြင်များကို တစ်ဦးချင်းဖတ်ကြားကြကာ စာအုပ်ပါ အကြောင်းအရာများအား ပျော်ရွှင်စွာ အပြန်အလှန် အမေးအဖြေပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ အားလပ်သည့်အချိန်များတွင် ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်းနှင့် ပုံပြင်ပြောပြခြင်းများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ အပတ်စဉ်ပြုလုပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment