၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ ဦးမြတ်သူ(တက္ကသိုလ်မြတ်သူ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ ဦးမြတ်သူ(တက္ကသိုလ်မြတ်သူ)



၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များ၏ ရင်တွင်းစကားသံများ

ဦးမြတ်သူ(တက္ကသိုလ်မြတ်သူ)

အမျိုးသားစာပေတစ်သက်တာဆုရှင်


အမျိုးသားစာပေတစ်သက်တာဆုဟာ စာရေး ဆရာတွေအားလုံးရဲ့ အန္တိမရည်မှန်းချက်ကြီးပါပဲ။ ဒီဆုကို ရပြီဆိုတော့ ဝမ်းသာဂုဏ်ယူပါတယ်။ ဒီဆုချီးမြှင့်တဲ့အတွက် နိုင်ငံတော်ကိုရော ပြန်ကြားရေး ဝန်ကြီးဌာနကိုရော နောက်စာပေစိစစ်အကဲဖြတ်တဲ့ ပုဂ္ဂိုလ်တွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်တော့ စာပေတွေကို ဖတ်ရှုအားပေးလာတဲ့ စာဖတ်ပရိသတ်ပြည်သူတွေကို အများကြီး ကျေးဇူးတင်တယ်။ သူတို့ မြှောက်စားလို့ ကျွန်တော် တို့ ဒီအဆင့်ရောက်တာပါ။ ကျွန်တော်အခု အသက် ၉၂ နှစ်ထဲမှာ စာရေးသက်က ၇၇ နှစ်၊ ၁၉၅၇ ခုနှစ် ဇွန်လမှာ ပြည်တော်စိုးသတင်းစာကို သတင်းထောက်အဖြစ်နဲ့ စဝင်လိုက်တာ ပြည်တော်စိုး၊ ခေတ်သစ်၊ အိုးဝေ၊ အမျိုးသား၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း၊ ဟံသာဝတီ၊ ကြေးမုံသတင်းစာတွေမှာ သတင်းထောက်ကနေ အယ်ဒီတာ၊ ဒုတိယအယ်ဒီတာချုပ်၊ အယ်ဒီတာချုပ်အထိ လုပ်ခဲ့ပါတယ်။ အဲဒီက အငြိမ်းစားယူပြီး သွေးသောက်၊ မြဝတီတို့ ငွေတာရီ၊ ရှုမဝ၊ စုံထောက်၊ ပဒေသာ၊ နဝဒေး၊ မဂ္ဂဇင်းတွေမှာ ကဗျာအပုဒ်ရေ ၃၀၀ ကျော်ရေးခဲ့ပါတယ်၊ ၁၉၉၅ ခုနှစ်က ကျွန်တော့်ကဗျာ ၇၅ ပုဒ်စုထုတ်တာနဲ့ ရွှေစောင်းသံကဗျာများနဲ့ အမျိုးသားစာပေဆု စရတယ်။ စာနယ်ဇင်းတွေ၊ မဂ္ဂဇင်းတွေ၊ ဝတ္ထု၊စာပေ၊ ရသစာပေ၊ သုတစာပေ သတင်းစာပေတွေ အကုန်လုံးက ပြည်သူတွေကို အထောက်အကူပြုကြတဲ့ အရာတွေပါ ဟုပြောကြားသည်။ 


ဆရာကြီး ဦးမြတ်သူ (တက္ကသိုလ် မြတ်သူ) ကို ၁၉၃၁ခုနှစ်တွင် မြင်းခြံမြို့ ကွေ့ကြီးရပ်ကွက်၌ အဖ ဦးကံညွန့်-အမိ ဒေါ်မြဇင်တို့ က မွေးဖွားခဲ့သည်။ ၁၉၄၆ ခုနှစ်ကစပြီး ကဗျာရေးသားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု၊ ၁၉၉၇ ခုနှစ်တွင် တိုင်းကျိုး ပြည်ပြုဆောင်းပါးရှင်ဆု၊ ၂၀၀၇ ခုနှစ်တွင် လူမှုထူးချွန် (ဒုတိယအဆင့်)၊ ၂၀၁၂ ခုနှစ် တွင် စည်သူဘွဲ့၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့၊ ၂၀၁၈ ခုနှစ်တွင်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာ စာပေဆုနှင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုများကို ချီးမြှင့်ခံခဲ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)