တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


13


MNP - အောက်တိုဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ‌အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီဆန်စပါးကြိတ်ခွဲရေး စက်ရုံသို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ပိုင်ရှင်ဦးလူ‌မော်မြင့်မောင်က လုပ်ငန်းလည်ပတ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံဝန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာရှိ Top Dairy Farm နွားမွေးမြူရေး ခြံသို့ ရောက်ရှိပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မိုးမိုးခိုင်နှင့် နွားမွေးမြူရေးခြံပိုင်ရှင် ဦးမြတ်သိန်းထွန်းတို့က နို့စားနွားမွေးမြူပုံအဆင့်ဆင့်၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှု အခြေအနေနှင့် ဈေးကွက်သို့ တင်ပို့ ရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး နွားမွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages