တာမွေမြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ





MNP ၊  အောက်တိုဘာ       ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ် ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ အတွင်း ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိ စားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ တာမွေလေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ( Mobile Market ) ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာ လက်လီ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

“ပြည်သူတွေအနေနဲ့  ဒီအချိန်ကာလမှာ  ဆန်၊  ဆီနှင့် စားသောက်ကုန်ပစ္စည်းများ  ဝယ်ယူတဲ့အခါ ကုန်ဈေးနှုန်းများ မြှင့်တက်နေမှုကြောင့် အဆင်မပြေမှု အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေနေရပါတယ်။ အဲဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊  ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်းများဖြင့် အခုလို လက်လီရောင်းချပေးတာပဲဖြစ်ပါတယ်။ မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားကအစ ဝယ်ယူနိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ် ” ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က ပြောသည်။

ထိုသို့ တာမွေမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော ဈေးနှုန်းများဖြင့် ဆန်၊  ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လက်လီံရောင်းချပေးရာတွင် ဆန်ချောတစ်ပြည်လျှင်  ငွေကျပ် (၁၇၀၀/-)နှုန်းဖြင့် ဆန်ပြည်ပေါင်း(၂၄၀)၊ ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၇၅၀/-) နှုန်းဖြင့် ဆီပိဿာချိန်(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ် (၁၇၅ /-)နှုန်းဖြင့် ကြက်ဥအလုံးပေါင်း(၁၀၀၀)အား ဒေသခံ ပြည်သူများကို အသီးသီး ရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက် ဝယ်ယူလျက် ရှိကြောင်း သိရသည်။

ယခုလို ဆန်၊  ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား သက်သာသော ဈေးနှုန်းများဖြင့် လက်လီံရောင်းချ ပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း " အခုလို အစစ၊ အရာရာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ အချိန်မှာ ကျွန်မတို့ ပြည်သူတွေ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်၊  ဆီနှင့် စားသောက်ကုန်ပစ္စည်းတွေကို ယခုလို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးတာဟာ မြို့နေပြည်သူတွေအတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်။ ဈေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသော ပစ္စည်းတွေကလည်း သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်။ နောင်လည်း အခုလို လာရောက်ရောင်းချပေးစေချင်ပါတယ် " ဟု ပြောကြားခဲ့သည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)