စဉ့်ကူးမြို့နယ်တွင် မဲရုံများလျာထားခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မဲရုံများလျာထားခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - အောက်တိုဘာ  ၂၀


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မဲရုံလျာထားခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၁၈)ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က လာမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြေပြင်ရှိ လျာထားမဲရုံတည်နေရာများ ကောက်ယူစစ်ဆေးရေး၊ လူဦးရေနှင့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာတိုက်ဆိုင်စိစစ်ရေး၊ သေဆုံးသူစာရင်းများ တိကျမှန်ကန်စွာ ကောက်ယူတင်ပြနိုင်ရေးတို့အား ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆက်လက်ဆွေးနွေးမှာကြားခဲ့ကြသည်။


ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရွှေဝင်းတို့က အခြေခံလူဦးရေနှင့် မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်မှုရှိစေရေး လိုအပ်သည့်အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ မဲရုံလျာထားမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးဝန်ထမ်းများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)