၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆက်ပွဲကျင်းပ



MNP - အောက်တိုဘာ   ၉


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် မိတ်ဆက်ပွဲနှင့်ညစာစားပွဲကို ယမန်နေ့ည(၆)နာရီက အေးသာယာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။


မိတ်ဆက်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၁၇)ရက်မှစတင်၍ အားကစားနည်း(၁၀)နည်းဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်းတော်မှ ပြည်နယ်နှင့် တိုင်းအဆင့် အားကစားသမား(၃၁၃)ဦး၊ နိုင်ငံ့ကိုယ်စားပြု အားကစားသမား(၃၅)ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အာဆီယံအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၌ ၂၀၁၇ ခုနှစ်တွင်(၄)ဦး၊ ကြေးတံဆိပ်(၃)ခုရရှိပြီး ၂၀၁၈ ခုနှစ်တွင်(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်(၂)ခုရရှိကာ ၂၀၁၉ ခုနှစ်တွင် (၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ B.Sc(Sports)သို့ တက်ရောက်သောအင်အားမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျား(၁)ဦး၊ မ(၆)ဦး စုစုပေါင်း(၇)ဦး တက်ရောက်သင်ကြားနေပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်အထိ B.Sc(Sports)သို့ တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ(၃၁)ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။


ဆက်လက်၍ အလှူငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်၍ လည်းကောင်း၊ လင်းမြတ်နိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်သိန်း(၃၀) Shanhone Land၊ ယွန်းပိုးသံစဉ် ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်သိန်း(၂၀)၊ ရေလယ်ကျွန်းဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) လမ်းဦးစီးဌာနမှ ငွေကျပ်သိန်း(၃၀)၊ ရေလယ်ကျွန်းဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းကို အသီးသီးပေးအပ်လှူဒါန်းကြရာ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ဖျော်ဖြေရေးအစီအစဉ်ဖြင့် တင်ဆက်ကြကြောင်း သိရှိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)