တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ (၇)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ (၇)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

 


MNP ၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပညာဗောဓိလမ်း ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၌ (၇)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓတက္ကသိုလ်ဓမ္မာရုံတော်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် မဟာဓမ္မိကာ ရာမကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒာဘိဝံသနှင့် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ပါမောက္ခချုပ် မဟာဓမ္မကထိကဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖိုဒ့် ဆရာတော် ပါမောက္ခချုပ် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ Dphil (Oxford) အမှူးပြုသော သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဓမ္မိကာရာမကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ  နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာကြားကာ ဒုတိယပါမောက္ခချုပ် ဘဒ္ဒန္တ ဝိစိတ္တာ ဘိပါလထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များသည် ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)