ရေတာရှည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ



MNP - အောက်တိုဘာ   ၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကက္ကူကျေးရွာအုပ်စု ကက္ကူကျေးရွာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကျေးရွာများအထိ လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး တင်ပြစရာရှိသူများ၊ ဒေသလိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြစေနိုင်ရန်၊ ဒေသခံများ၏ စကားသံများနားထောင်ပြီး လိုအပ်သည်များ ကူညီနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူ များ၏ လိုအပ်ချက်များအား ပွင့်လင်းစွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်  ဒေသခံပြည်သူများက မြစ်ကမ်းပါးပြိုကျမှု ကာကွယ်နိုင်ရန်အတွက် ရေထိန်း/ရေကာ ဆောင်ရွက်ရန် ကုန်ထုတ်လမ်း၊ ရွာအဝင်လမ်းများ ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ၆ လနှင့် အထက် ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)