သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး

 


MNP - အောက်တိုဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာနှင့် ဆပ်သွားကျေးရွာအုပ်စု၊ ဆပ်သွားကျေးရွာတို့တွင် ယမန်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။


ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)မှ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာ၊ မူလတန်းကျောင်းတိုက်တွင် အဖွဲ့အမှတ် (၁)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်မြတ်ဇော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံပြည်သူ(၂၃၂)ဦးတို့နှင့် တွေ့ဆုံ၍ အဖွဲ့အမှတ်(၂)မှ ဆပ်သွားကျေးရွာအုပ်စု၊ ဆပ်သွားကျေးရွာ၊ ပြည်လုံးချမ်းသာဘုန်း‌တော်ကြီးကျောင်းတွင် နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ မြို့နယ်အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့် ဌာနဆိုင်ရာများက တတ်ရောက် လာကြ‌သော ကျေးလက်နေပြည်သူ(၁၈၈)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်ဆင့်တန်း၊ အထက်တန်းဆင့် သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆)ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ်၌ စပါးမလှန်းရေး၊ အလှူခံများ လမ်းနှင့်လွတ်အောင် ယာဉ်အန္တရာယ် မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျေးလက်နေပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)