ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေး

 


MNP ၊ အောက်တိုဘာ ၁၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ ပျက်စီးနေသော ပွဲကြည့်စင်အဆောက်အအုံ အနေအထားများ၊ ခြံစည်းရိုးများ၊ ဘောလုံးကွင်းနှင့် ဘော်လီဘောလေ့ကျင့်ရုံအနေအထားများ၊ ပြင်ဆင်ရန်လိုအပ်သည့် အနေအထားများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏ ဘောလုံးကွင်းသို့ရောက်ရှိပြီး ဘောလုံးကွင်းကိုကြည့်ရှုစစ်ဆေးကာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။


ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်းသို့ရောက်ရှိပြီး (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ရုံးခန်း၌ ဥက္ကဋ္ဌဦးဇော်ထိန်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသိန်းထွေးနှင့် တာဝန်ရှိပုဂ္ဂိုလ်များကိုတွေ့ဆုံပြီး အဖွဲ့ချုပ်တာဝန်ရှိသူများအားလုံးက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးစားဆောင်ရွက်ကြရန်မှာကြားပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ ၂၀၂၂ ခုနှစ် အမျိုးသားတံခွန်စိုက် (အမျိုးသား/အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲနှင့် U-18, U-25 (အမျိုးသား/အမျိုးသမီး)ဘတ်စကက် ဘောပြိုင်ပွဲတွင် RRY အသင်းနှင့် M.O.H.A အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)