သရက်ချောင်းမြို့နယ်တွင်(တတိယအကြိမ်) စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင်(တတိယအကြိမ်) စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မိုးရာသီမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓါတ်မြေသြဇာများ ဈေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်မှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးသော ယူရီးယားဓါတ်မြေသြဇာများကို စနစ်တကျအသုံးချရန်၊ မိုးစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်အတိုင်း နည်းမှန်၊ လမ်းမှန်ဖြင့် စိုက်ပျိုးရန် စသည့်အကြောင်းအရာများဖြင့် အဖွင့်မှာစကားပြောကြားခဲ့ကြောင်းသိရသည်။


ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မိုးရာသီ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုး သည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်း ရည်ရွယ် ချက်အား ရှင်းလင်းဆွေးနွေးခြင်းနှင့် ယူရီးယားဓါတ်မြေသြဇာများ အသုံးပြုပုံ နည်းလမ်းများ၊ သရက်ချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် တောင်သူများမိုးစပါးများကို နည်းလမ်း၊ လမ်းမှန်ဖြင့်စိုက်ပျိုးပြီး ဧကအထွက်နှုန်းတိုး၍ ဝင်ငွေတိုးစေရန် ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓါတ်မြေသြဇာများကို ပေးအပ်ခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)