ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် (၁၁း၃၀)နာရီအချိန်တွင် ကျူံကူးတိုက်နယ်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုသို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။


မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ကျုံကူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျုံကူးတိုက်နယ်ရှိ ကျေးရွာအုပ်စု (၈)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ၍ လုံခြုံရေးကိစ္စများ၊ ယာဉ်စည်ကမ်း လမ်းစည်းကမ်းကိစ္စများ၊ သန့်ရှင်းသာယာလှပရေးကိစ္စများ၊ မြတ်မော်တင်ဘုရားရင်ပြင်တော် တိုးချဲ့မည့်ကိစ္စများ၊ စိုက်ပျိုးရးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ကျုံကူးတိုက်နယ်ဆေးရုံသို့ သွားရောက်ကြည့်ရှု့စစ်ဆေး၍ တိုက်နယ်ဆရာဝန်နှင့် တွေ့ဆုံကာ သန့်ရှင်းရေးပုံမှန် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများသည် လျှပ်စစ်မီးဖွင့်ပွဲပြုလုပ်မည့် မြို့သစ်ကျေးရွာအုပ်စု၊ ကန့်မလာကျေးရွာသို့ သွားရောက်ကာ မီးကော်မတီအဖွဲ့နှင့်တွေ့ဆုံ၍ မီးဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးမှာကြားခဲ့ပြီး မီးဖွင့်ပြုလုပ်မည့်နေရာနှင့် စာသင်ကျောင်းအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)