MNP - အောက်တိုဘာ ၈
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးကို အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှ ၁ နာရီအထိ သတ်မှတ် ထားသည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း မပြုလုပ်မီ ဆေးထိုးမှတ်တမ်းများတွင် စာရင်းများ ရေးသွင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးပါက သတ်မှတ်ထားသည့် နေရာတွင် မိနစ် (၃၀)ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ကြသည်။
ယခုထိုးနှံသည့် ကာကွယ်ဆေးကို ဟားခါးပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့် ကလေးကာကွယ်စောင့် ရှောက်ရေးအသင်း၊ ခရိုင်စုပေါင်းရုံးနှင့် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းများ၌ ဆေးထိုး စုရပ် (၄)နေရာခွဲ၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရှိန်အဟုန် မပြတ်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
သတင်း - မောင်ထွန်းတောက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment