စဉ့်ကူးမြို့နယ် မြစိမ်းကျေးရွာတွင် မိုးကြိုးထိမှန်၍ လူနှစ်ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် မြစိမ်းကျေးရွာတွင် မိုးကြိုးထိမှန်၍ လူနှစ်ဦးသေဆုံး



MNP ၊  အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မြစိမ်းကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာတွင် ယမန်နေ့ ညနေ (၇)နာရီခွဲ အချိန်ခန့်က မိုးကြိုးထိမှန်၍ လူနှစ်ဦး သေဆုံးခဲ့သည်။


ဖြစ်စဉ်မှာ မြစိမ်းကျေးရွာတောင်ဘက် ကိုက်(၄၀၀)ခန့်အကွာတွင်ရှိသော အင်းပိုင် ဦးဝင်းဇော် ၏ မြစ်လောင်းမြစ်ကျိုးကြေးတိုင်အင်းအတွင်း အင်းလုပ်ငန်းဆောင်ရွက်နေကြစဉ် မိုးထစ်ချုန်းရွာသွန်းပြီး အမျိုးသား(၃)ဦး မိုးကြိုးထိမှန်ခဲ့ရာ အဆိုပါ(၃)ဦးအနက် ဦးမောင်မြင့်နှင့် ဦးထွန်းနိုင်ဦး တို့ နှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားပြီး အင်းပိုင် ဦးဝင်းဇော် မှာ ထုံးကြီးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)