နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ (မူဆယ်မြို့နယ်)အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ (မူဆယ်မြို့နယ်)အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

 



MNP - အောက်တိုဘာ   ၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင် သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်  (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်တွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် အခမ်းအနားမစတင်မှီ ကျောင်းအုပ်ကြီးဒေါ်နန်းစောရင်က ဦးစီးဌာန၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် လုပ်ဆောင်ချက် Activity မှတ်တမ်းများကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ Projector ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ထူးချွန်သောသင်တန်းသူ မလွေးအီရွှေဆာအား သင်တန်းထူးချွန်ဆု (အပ်ချုပ်စက်တစ်စုံ) ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှလည်း သင်တန်းသူများကို သင်တန်းအောင် လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းဆရာမများက သင်တန်းဆင်း သင်တန်းသူများ၏ အဝတ်အထည်များ၊ လက်မှုလက်ရာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းကျောင်းတွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂၀)ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။


သတင်း - ဆက်ပိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)