MNP - အောက်တိုဘာ ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပူတာအိုခရိုင်ကိုယ်စားပြုအောင်ပွဲရ အမျိုးသမီးဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်၁၂နာရီ ၄၀အချိန်က ဆွမ်ပရာဘွမ်မြို့ ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရာ ၂၀၂၂ခုနှစ်၊ ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလားကို ခရိုင်ပေါင်းစုံမှ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားကြရာတွင် ပူတာအိုခရိုင်ကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းက တံခွန်စိုက်ထူဆုကို ရရှိခဲ့ကြသည်။ ထို့နောက် အမျိုးသမီးဘောလုံးအသင်းများသည် မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်မြို့နယ်သို့ ကားများဖြင့် ရောက်ရှိလာရာ ကြိုဆိုဂုဏ်ပြုလျက် နေ့လည်စာများဖြင့် ဧည့်ခံပြီးအမှတ်တရ မှတ်တမ်းဓာတ်ပုံများ စုပေါင်းရိုက်ကူးကြကာ ဘောလုံးအားကစားအသင်းများ ပူတာအိုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများက ပူးပေါင်းပါဝင်ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
သတင်း - ဟင်နရီမီးကိုဆာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment