သာယာဝတီမြို့တွင် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ

 



MNP - အောက်တိုဘာ  ၃၁ 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သုံးဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပီမိုးနင်း) ခန်းမ၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးထူမြင့်နှင့် အထက (သုံးဆယ်) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေးဦးသူနာပြုစုနည်း သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကိုအောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာ ၁၀ ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၂၂၄)ဦး တက်ရောက်၍ သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ဒဏ်ရာရရှိပါက အခြေခံရှေးဦးပြုစုနည်းများ၊ ပတ်တီးစည်းနည်းများ စသည့်တို့ကို စာတွေ့ လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)