တံတားဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများ၌ ဘုရားဖူးပြည်သူများစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများ၌ ဘုရားဖူးပြည်သူများစည်ကား



MNP - အောက်တိုဘာ   ၉


၁၃၈၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)၌ တံတားဦးခရိုင် တံတားဦးမြို့နယ် အင်းဝဒေသရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများနှင့် ဘုရားများတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေမှာလည်း လျော့နည်းလာသည့်အတွက် လူစုလူဝေးကျင်းပပြုလုပ်ခြင်းနှင့်လမ်းညွှန်ချက်များ ဖြေလျော့ပေးခဲ့သဖြင့် အပန်းဖြေလည်ပတ်သူများဘုရားများသို့ ဝင်ရောက်ဖူးမျှော်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။


ယနေ့တွင် တံတားဦးမြို့နယ် အင်းဝဒေသရှိ အထင်ကရနေရာဖြစ်သည့် လေးထပ်ကြီးဘုရား၊ မယ်နုအုဌ်ကျောင်း၊ ထီးလှိုင်ရှင်ဘုရား၊ ဗားကရာကျောင်းတော်၊ လောသရဖူဘုရားနှင့် ဆင်ကျုံးခံတပ် ညောင်ရမ်းခေတ် ဘုရားများဖြစ်သောဝင်္ကပါ၊ မြင့်မိုရ်တောင်၊ ကြောင်လိန်ဘုရားစသည့်အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရားဝင်ဘုရားများတွင် ရပ်နီးရပ်ဝေးပြည်သူများက လာရောက်ဖူးမျှော်ခြင်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်းများဖြင့် ကုသိုလ်ယူဆောင်ရွက်ကြသည်။


အင်းဝဒေသရှိ အထင်ကရနေရာများနှင့် ဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ပြည်ပဧည့်သည်များက နေ့စဉ်လာရောက်လည်ပတ်ကြပါတယ်။ ဒီနေ့ဟာဆိုရင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည့်အပြင်း နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့)တွင် ရဟန်းရှင်ပြည်သူများသည် စုပေါင်းလာရောက်ကြ၍ ဘုရားများဖူးမျှော်ကြည်ညိုကြပြီး အထင်ကရနေရာများကို ဝင်ရောက်လေ့လာကြကြောင်း တံတားဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးထံမှ သိရသည် ။


ထို့အပြင် ရှေးဟောင်းသမိုင်းဝင်ဘုရားများနှင့် အထင်ကရနေရာများတွင်ရောင်းချသော အစားသောက်များကို ဝယ်ယူစားသောက်အနားယူကြခြင်း၊ အလှဓာတ်ပုံများရိုက်ကူးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများဝယ်ယူကြဖြင့် စည်ကားလျက်ရှိကြောင်းလည်း သိရသည်။


သတင်း - ဦးရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)