ကံမမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပ



MNP - အောက်တိုဘာ   ၁၄


မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌  သရက်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် ကံမမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ အခြေခံပညာကျောင်းများမှ သင်တန်းသား ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအုန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီးနောက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ  ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးမှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး  ဦးမျိုးသူရအောင်မှကျေးဇူးတင်စကားပြောကြားခဲ့သည်။ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ သင်တန်းသား ကျောင်းသားကျောင်းသူ(၄၄)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)