(၅)နှစ်ကျော်ဆေးကုသခြင်းမရှိ ပိတ်ထားသော ကျေးရွာရှိဆေးခန်းအားပြန်လည်ဖွင့်လှစ်ကုသပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅)နှစ်ကျော်ဆေးကုသခြင်းမရှိ ပိတ်ထားသော ကျေးရွာရှိဆေးခန်းအားပြန်လည်ဖွင့်လှစ်ကုသပေးစေလို (အိတ်ဖွင့်ပေးစာ)




ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ် ဖူထီကျေးရွာရှိ ကျေးလက်ဆေးခန်းအား ဆေးကုသခြင်းမရှိ (၅)နှစ်ကျော်ပိတ်ထားသောကျေးရွာဆေးခန်းအား ပြန်လည်ဖွင့်လှစ် ကုသပေးစေလိုကြောင်း ကျေးရွာနေပြည်များမှအ ထူးလိုလားလျက်ရှိကြောင်းကိုအောက်တို ဘာ(၄)ရက်နေ့ ကသိရသည်။

 

ယင်း ကျေးရွာရှိဆေးခန်းသည်(၂၀၁၅) ခုနှစ် ၊ဖေဖေါ်ဝါရီလ(၂၈)ရက်နေ့တွင် မြို့နယ်ဌာနဆိုင်ရာမှလူကြီးများကလာရောက်၍အခမ်းအနားဖြင့်ဖွင့်လှစ်ပေးခဲ့သောကျေးရွာကျန်းမာရေးဆေးခန်းဖြစ်ပါသည်။ဖူထီကျေးရွာအုပ်စုတွင်ကျေးရွာပေါင်း(၅)ရွာရှိပြီး၊အိမ်ထောင်စုပေါင်း (၇၀၀)ကျော်မှပြည်သူပေါင်းတစ်သောင်းကျော်ခန့်သည်ကျေးရွာတွင် ဆေးခန်းဖွင့်လှစ်၍ကုသပေးခြင်းကြောင့် ကလေးမွေးဖွားခြင်းနှင့်ဖျားနာရောဂါများ၊ကလေးငယ်များတွင်ဖြစ်လေ့ရှိသောဝမ်းပျက် ဝမ်း လျှောရောဂါ၊တုတ်ကွေးရောဂါ၊အခြားသောထိခိုက်ဒဏ်ရာများဖြစ်ပေါ်ခြင်းနှင့် ကျမ်းမာရေးတစ်ခုခုကြုံတွေ့ရလျှင်မိမိတို့ကျေးရွာရှိဆေးခန်းတွင် ဆေးကုသခွင့် ရ၍အစဉ်ပြေချောမွေ့ခဲ့ပါသည်။ 

ထို့ကြောင့်ကျေးရွာနေပြည်သူပေါင်းတစ်သောင်းကျော်၏ ကျမ်းမားရေးအ တွက်အထူး အားကိုး အားထားရာ ဆေးခန်းဖြစ်ပါသည်။

    

ယခုအခါ ဖူထီကျေးရွာရှိ ပြည်သူများအားကိုးရာဆေးခန်းသည် ဆေးကုသခြင်းမရှိပဲ ၎င်းဆေးခန်းအားပိတ်ထားခဲ့သည် မှာ ယနေ့ချိန်အထိနှစ်ပေါင်း(၆)နှစ်ကျော်ကာလ ကြာခဲ့ပြီဖြစ်ပါသည်။ 


ထို့ကြောင့်  ကျေးရွာရှိဆေးခန်းအားပိတ်ထား၍ ပြည်သူများဆေးကုသခွင့်မရရှိခြင်းကြောင့် မော်လမြိုင်ကျွန်းမြို့ရှိဆေးရုံဆေးခန်းများသို့ သွားရောက်ကုသ ရသဖြင့် ငွေကြေးကုန်ကျမူ့နဲ့ သွားလာမူအခက်အခဲ့များစွာကြုံတွေ့နေရပါသည်။

 ကမ္ဘာ့ ကပ်ရောဂါ COVID-19 ကာလ မှာလည်း ဒုက္ခအမျိုးမျိုးဖြင့် ကြုံခဲ့ရပြီး ယ္ခုအချိန်ကာလအထိ ကျန်းမာရေး မကောင်းလျှင် ဆေးကုသမှူခံယူလိုသော် လည်း ဆေးပေးခန်းအား ဖွင့်လှစ်ကုသမှုမရှိသည့်အတွက် ကျွန်တော်များကျေးရွာရှိ ပြည်သူများကျန်းမာရေးအတွက် ဒုက္ခပေါင်းများစွာဖြင့်ရင်ဆိုင်နေရပါသည် ထို့ကြောင့်ယ္ခုအထိပိတ်ထားသော ကျေး လက်ဆေးခန်းအား ဖွင့်လှစ်ကုသမှူပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ လူကြီးမင်းများမှ ကူညီဆောင်ရွက်ပေးပါရန် အသိပေး တင်ပြအပ်ပါသည်။


အခုလက်ရှိ ဖူထီကျေးရွာ ကျေးလက်ဆေးခန်းအား မြေနေရာနှင့်အဆောက်အဦးကို လှူဒါန်းထားသေ ာဆရာတော်၏ ဓါတ်ပုံနှင့် ယ္ခုအချိန်အထိ ပိတ်ထားသောဆေးခန်း၏ အခြေအနေကို ဓါတ်ပုံ နှင့်တကွ ပူးတွဲလျှက် အထက်လူကြီးမင်းများအားသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။


ဖူထီကျေးရွာအုပ်စုရှိ ပြည်သူများ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)