ငဖဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက်(၆၀)နှစ်အထက် အငြိမ်းစား ဆရာ/ ဆရာမကြီး (၆၀) ဦးအား အိမ်အရောက်ပူဇော်ကန်တော့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက်(၆၀)နှစ်အထက် အငြိမ်းစား ဆရာ/ ဆရာမကြီး (၆၀) ဦးအား အိမ်အရောက်ပူဇော်ကန်တော့



MNP - အောက်တိုဘာ   ၇


၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် အငြိမ်းစား ဆရာ/ ဆရာမကြီး(၆၀)ဦးအား ငဖဲမြို့လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဆရာ/ ဆရာမများက အိမ်တိုင်ရာ ရောက်လိုက်လံပူဇော်ကန်တော့ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပူဇော်ကန်တော့ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ ဆရာတို့၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုရိုကျိုးပူဇော်ပွဲကို အခမ်းအနားများဖြင့် နှစ်စဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်နှင့် အခမ်းအနားသို့မလာရောက်နိုင်သော ဆရာကြီး/ ဆရာမကြီးများရှိနေ၍ အိမ်အရောက်လိုက်လံပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ဆရာများနေ့တွင် ဆရာအပေါင်းတို့အား ‘ဂါရဝေါစ၊ နိဝါတောစ၊ ကတညုတ၊ ကတဝေဒီ’’ ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေထိုက်သူကိုရိုသေခြင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ သူ့ကျေးဇူးကို သိတတ်ခြင်း၊ ကျေးဇူသိမှတ်တုံ့ဆပ်ခြင်းဖြင့် မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ချီးကျူးဂုဏ်ပြုထုတ်ဖော်အပ်ကြောင်း၊ မြန်မာတို့လက်အုပ်ချီမိုးရှိ ခိုးသောအနန္တဂုဏ်ရှင်ငါးပါးတွင် အာစရိယဂိုဏ်းဝင် ဆရာများသည်လည်း တစ်ပါး အပါအဝင်ဖြစ်ပေရာ အာစရိယဂုဏော အနန္တော ဟု ဦးထိပ်ထားလျက် နေ့စဉ်ရှိခိုးထိုက်သော၊ ဆရာ့ကျေးဇူးကို နေ့စဉ်ဆင်ခြင်အောက်မေ့ထိုက်သော ပုဂ္ဂိုလ်များပင်ဖြစ်ကြောင်း ဆရာဦးခင်မောင်ဝင်း ကပြောကြားသည်။


ငဖဲမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် အငြိမ်းစားဆရာကြီး/ ဆရာမကြီး (၆၀)ဦးအား တစ်ဦးလျှင် ပူဇော်ကန်တော့ငွေကျပ် ၄၅၀၀၀/- စီဖြင့် စုစုပေါင်းငွေကျပ် (၂၇)သိန်းကို လက်ရှိတာဝန် ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်းများက မြတ်ဆရာများအား အိမ်အရောက်လိုက်လံပူဇော် ကန်တော့ခဲ့ကြကြောင်း သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)