ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ကျင်းပ








MNP ၊ အောက်တိုဘာ ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ   တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) ပထမနေ့အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ( ၄ ) ရက်နေ့  နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ အခမ်းအနားအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ပါတီညီလာခံအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအတိုင်ပင်ခံများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ သီးခြားဖိတ်ကြားထားသူများ စုစုပေါင်း (၇၂၈)ဦးရှိရာ တက်ရောက်သူ (၆၁၄)ဦး ရာခိုင်နှုန်းအနေဖြင့် (၈၄.၃၄)% ဖြစ်ကြောင်း၊ ပထမနေ့ ပါတီညီလာခံ အခမ်းအနားအစီအစဉ်များကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ကျင်းပဆောင်ရွက် ပြီးမြောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၅-၁၀-၂၀၂၂ ရက်နေ့တွင် ညီလာခံဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားအပြီးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)