ထန်းတပင်မြို့တွင် ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ဒေသစာရီကြွချီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့တွင် ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ဒေသစာရီကြွချီ




MNP - အောက်တိုဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၌ ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထန်းတပင်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ လွမ်းစေတီဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီးနှင့် ရှင်သီဝလိရဟန္တာမြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး အောက်တိုဘာလ(၉)ရက်နေ့မှ အောက်တိုဘာလ(၁၁)ရက်နေ့အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက်(၁၀) နာရီအချိန်မှ ညနေ(၆)နာရီအချိန်အထိ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်တွင်လည်း ဂေါပက အဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့များက လိုက်ပါကုသိုလ်ယူဆောက်ရွက်ခဲ့ကြပြီး ရပ်ကွက်အလိုက် စေတနာအလှူရှင်များကလည်း ကုသိုလ်ဒါနအဖြစ် မုန့်များ၊ အစားအသောက်များ လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)