သီတင်းကျွတ်လပြည့်နေသည် မြန်မာလူမျိုးများ၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက် အထူးစည်ကားသည့် နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ ထူးခြားသည့် နေ့ထူးနေ့မြတ်လဲဖြစ်ရာ နှစ်စဉ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း ကျင်းပပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ပဒေသာပင်လှည့်လည်ပွဲများကို အထူးစည်ကားစွာကျင်းပခဲ့သည်။
မုရစ်ကြီးကျေးရွာတွင် သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဘုန်းတော်ကြီးကျောင်းပေါင်း(၂၀) ကျော်မှ ဆရာတော်သံဃာတော်အပါး (၁၁၀)ပါးကို ကျေးရွာနေပြည်သူများနှင့် အနီးပတ်ဝန်းကျင်များမှ လာရောက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဥပုလ်သီတင်းဆောက်တည်ခြင်း၊ ဘုရားကျောင်းကန်များအား သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူခြင်းများကို ပြုလုပ်ကြသည်။ နေ့လယ်ခင်းမွန်းလွဲအချိန်တွင် ကျေးရွာအတွင်းရှိ လှပျိုဖြူများ၊ လူငယ်လူရွယ်များက ကထိန်ခင်းကျင်းပရန်အတွက် ပဒေသာပင်လှည့် လည်ခြင်းများနှစ်စဉ်ကျင်းပပြုလုပ်ရာ ရပ်ဝေးရပ်နည်းမှ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment