လှည်းကူးမြို့နယ် မအူကျေးရွာနှင့် စခန်းကြီးကျေးရွာတို့တွင် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် မအူကျေးရွာနှင့် စခန်းကြီးကျေးရွာတို့တွင် နေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေး

 




MNP - အောက်တိုဘာ   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံမှု ရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူ ပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ် မအူကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံကို လျာထားချက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိုးရေး နည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နေကြာသီးနှံ စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့် နေကြာသီးနှံစိုက်ပျိုးရေး အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)