ကရင်ပြည်နယ် မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေး စံကွက်ပေါင်း ၃၂၄၀ ကွက်ရိတ်သိမ်းမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေး စံကွက်ပေါင်း ၃၂၄၀ ကွက်ရိတ်သိမ်းမည်



MNP ၊ အောက်တိုဘာ ၃၀

ကရင်ပြည်နယ်တွင် စိုက်ပျိုးထားသောမိုးစပါးများကို ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍  ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၃၂၄၀ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၀၇-ခ)၊ ဝါးဆူးကွင်းရှိ တောင်သူဒေါ်မူးဒီး၏ ဆင်းသုခ(၁ ဒဿမ ၄၀ ဧက)စိုက်ခင်း၌ကျင်းပသည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲမှ သိရသည်။


မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ၏ လူနေမှုဘဝသာယာမြင့်မာတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများအထွက်နှုန်းမြင့်မာရေး၊ ဈေးကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများ ဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်နိုင်မှုစွမ်းပကားတိုးတက်မှုအခြေအနေကို သီးနှံအလိုက် မျိုးကွဲအလိုက်အထွက်နှုန်းများ တိုင်းတာစိစစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မိုးအောင်က စံကွက်ရိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးဇော်ဝမ်းက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။


ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေး စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများအနက် ကိုယ်စားပြုအလွှာ(သင့်)ကိုကိုယ်စားပြုသော ဆင်းသုခမိုးစပါးစိုက်ခင်းကို တောင်သူများနှင့်အတူ (၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား  မိုးစပါးစံကွက်ရိတ်သိမ်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ခြောက်သွေ့ပြီး တစ်ဧကအထွက်နှုန်း ၆၅ ဒဿမ ၆၈ တင်းထွက်ရှိကြောင်းနှင့် အမှတ်(၂၀)ဘားအံစက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့သရုပ်ပြသခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)