သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေး



MNP - အောက်တိုဘာ   ၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစအသက် (၄၅)ရက်မှ အသက်(၁၈)လအရွယ်အထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို အောက်တိုဘာ ၃ ရက်နေ့ကစတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး အသက် (၈)လမှ အသက် (၁)နှစ်ခွဲအထိ ကလေးသူငယ်များကို ဆိုဆို့ကြက် ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ(ဘီ)၊ ဦးနှောက်အမြေးရောင်ရောဂါစသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကို သတ် မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေး ခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)